Sunday 17 March 2013

အညတရတစ်ယောက်ရဲ့အချစ်

အချစ်နဲ့တွေ့ဆုံသူတိုင်း
ကဗျာဆရာတွေဖြစ်သွားတယ်လို့ ပြောကြတယ်.....။

စက်ရုပ်တောင် ဒူထောက်ကျစေနိုင်မဲ့
မျက်ဝန်းပြာလဲ့လဲ့ ကောင်မလေးရေ
ငါလည်း မင်းရဲ့အလှဖွဲ့ကို
ရေးစပ်သီကုံးနေတဲ့ များစွာသောထဲက
အညတရ ကဗျာဆရာလေး တစ်ယောက်ပေါ့......။

ကောင်မလေးရေ
မင်းပျော်ရွှင်မယ်ဆိုရင်
ငါ့လက်ကလေးကိုတွဲ
ပခုံးပေါ်ကို ခေါင်းကလေးမှေးစက်လို့
မင်းအတွက် ရေးစပ်တဲ့
ကဗျာလေးတွေ လိုက်ဖတ်နေပြီး
ငါပြောပြတဲ့ ချစ်စကားလေးတွေအကြောင်း
နားထောင်နေလို့ ရပါတယ်...........။

မနှစ်သက်လို့သွားမယ်ဆိုရင်
ထီးကလေးတစ်ချောင်း
ရေဘူးလေးတစ်ဘူး
ဖိနပ်လေးတစ်ရံ အဖြစ်
မင်းလျှောက်လှမ်းမဲ့ ဘဝခရီးအတွက်
ရှိနေချင်သေတယ် .....။ 


သုည

No comments:

Post a Comment