Saturday 30 March 2013
Wednesday 20 March 2013
ကြယ်အ"တေး"
ငါဟာ...
နင့်ကောင်းကင်..အစွန်အဖျားက
အမှုန်အမွှား..ကြယ်စင်တစ်စင်းပါ..
ငါ...တလဲ့လဲ့..ထွန်းလင်းရွှန်းပချင်သလောက်
နင်တဖွဖွ..အုံ့ဆိုင်းမှိုင်းရီ..ခဲ့..
ငါ့..ခမျာ
ဖြေဆိုခွင့် မရတဲ့..စာပြန်ပွဲမှာမှ..
အမှတ်ရာပြည့် ရချင်နေသူလေ..
ရာသီဥတုကို အလိုက်သိတတ်လွန်းပြန်လို့
ရွယ်ရုံနဲ့..ကွဲချင်နေတဲ့..အိုးတစ်လုံးလိုမျိုး
ငါ့..ရင်ဘတ်ကိုငါ..ရိုသေသိမ်းဆည်းခဲ့..
ငါက..
နင့်စောင်းကြိုးမျှင်ကိုမှ..တလွင်လွင် ချိုမြချင်သူလေ..
မှတ်တိုင်ပျောက်နေတဲ့ ခရီးကို..တက်စီးလာခဲ့မိလိုက်တာ
ရွေးချယ်မှုတွေပဲ...မှားယွင်းခဲ့တာလား...
(မဟုတ်ဘူး)
ရွေးချယ်မှုတွေက..ငါ့ကို..မှားယွင်းသွားခဲ့တာ..
ငါ့ ကို...ချိုးဖဲ့..ဖူးပွင့်ပါ..
ငါ့ ကို...ဆုတ်ဖြဲသစ်လွင်ပါ..
ငါ့ ကို...ခပ်ယူချမ်းမြေ့ပါ..
ငါ့ကိုယ်ငါ..ကျစ်ခဲထားလေသမျှ..
ဘယ်သူ့ကို..ဝေမျှ ကြေကွဲရမလဲ..
ပွဲမစခင်ကတည်းက..ခြေခေါက် ချော်နှင့်ပြီးသား..
ဘယ်လောက် ဆိုးဝါးထားသလဲကွယ်..
ငါ့..ဆေးဘက်ဝင် အလွမ်းခါးခါးကြီးတွေနဲ့
နင့်ဘ၀ကို..မလေးလံစေဖို့
ငါ့စည်းမျဉ်းနဲ့ငါ..ဘောင်ခပ်ကြပ်ကျဉ်း..
ငါ့သက်ပြင်းနဲ့ငါ...ဆင်းရဲတွင်းနက်ခဲ့
တကယ်ပါ...
နင့်..သံသရာအထိ..အနှောက်အယှက်နေမလား...
ငါ့ဆုတောင်းကိုငါ....ရွေးချယ်မှောင်မိုက်ပေါ့...
ငါ့..ရူးသွပ်မှုတွေ..နင်..မောင်းနှင်ခဲ့တာ..
ငါ့..နက်ရှိုင်းမှုတွေ..မိုးလို..ရွာမပြနိုင်ပေမယ့်...
ငါ့..ဘက်က..ပြိုကျသွားလေသမျှ
နင့်..ဘက်..မှာ..သောင်..ထွန်း..ပါ..စေ..သား...။ ။
အိန္ဒြာ
နင့်ကောင်းကင်..အစွန်အဖျားက
အမှုန်အမွှား..ကြယ်စင်တစ်စင်းပါ..
ငါ...တလဲ့လဲ့..ထွန်းလင်းရွှန်းပချင်သလောက်
နင်တဖွဖွ..အုံ့ဆိုင်းမှိုင်းရီ..ခဲ့..
ငါ့..ခမျာ
ဖြေဆိုခွင့် မရတဲ့..စာပြန်ပွဲမှာမှ..
အမှတ်ရာပြည့် ရချင်နေသူလေ..
ရာသီဥတုကို အလိုက်သိတတ်လွန်းပြန်လို့
ရွယ်ရုံနဲ့..ကွဲချင်နေတဲ့..အိုးတစ်လုံးလိုမျိုး
ငါ့..ရင်ဘတ်ကိုငါ..ရိုသေသိမ်းဆည်းခဲ့..
ငါက..
နင့်စောင်းကြိုးမျှင်ကိုမှ..တလွင်လွင် ချိုမြချင်သူလေ..
မှတ်တိုင်ပျောက်နေတဲ့ ခရီးကို..တက်စီးလာခဲ့မိလိုက်တာ
ရွေးချယ်မှုတွေပဲ...မှားယွင်းခဲ့တာလား...
(မဟုတ်ဘူး)
ရွေးချယ်မှုတွေက..ငါ့ကို..မှားယွင်းသွားခဲ့တာ..
ငါ့ ကို...ချိုးဖဲ့..ဖူးပွင့်ပါ..
ငါ့ ကို...ဆုတ်ဖြဲသစ်လွင်ပါ..
ငါ့ ကို...ခပ်ယူချမ်းမြေ့ပါ..
ငါ့ကိုယ်ငါ..ကျစ်ခဲထားလေသမျှ..
ဘယ်သူ့ကို..ဝေမျှ ကြေကွဲရမလဲ..
ပွဲမစခင်ကတည်းက..ခြေခေါက် ချော်နှင့်ပြီးသား..
ဘယ်လောက် ဆိုးဝါးထားသလဲကွယ်..
ငါ့..ဆေးဘက်ဝင် အလွမ်းခါးခါးကြီးတွေနဲ့
နင့်ဘ၀ကို..မလေးလံစေဖို့
ငါ့စည်းမျဉ်းနဲ့ငါ..ဘောင်ခပ်ကြပ်ကျဉ်း..
ငါ့သက်ပြင်းနဲ့ငါ...ဆင်းရဲတွင်းနက်ခဲ့
တကယ်ပါ...
နင့်..သံသရာအထိ..အနှောက်အယှက်နေမလား...
ငါ့ဆုတောင်းကိုငါ....ရွေးချယ်မှောင်မိုက်ပေါ့...
ငါ့..ရူးသွပ်မှုတွေ..နင်..မောင်းနှင်ခဲ့တာ..
ငါ့..နက်ရှိုင်းမှုတွေ..မိုးလို..ရွာမပြနိုင်ပေမယ့်...
ငါ့..ဘက်က..ပြိုကျသွားလေသမျှ
နင့်..ဘက်..မှာ..သောင်..ထွန်း..ပါ..စေ..သား...။ ။
အိန္ဒြာ
မျှော်လေတိုင်း
နေကြတ် လကြတ် တာတွေထက်
မျှော်လင့်ချက်ကြတ်တာက ပိုမိုမည်းမှောင်လို့
ဘ၀တွေက
အလုံပိတ်ထားတဲ့ အိုးထဲက
သွန်လိုသွန်မှောက်လိုမှောက် ရေ လောက်ပေါ့
အမှန်တရား...
ခါးလိုက်ပုံကြီးက မထွေးနိုင်မအန်နိုင်..။
အိန္ဒြာ
မျှော်လင့်ချက်ကြတ်တာက ပိုမိုမည်းမှောင်လို့
ဘ၀တွေက
အလုံပိတ်ထားတဲ့ အိုးထဲက
သွန်လိုသွန်မှောက်လိုမှောက် ရေ လောက်ပေါ့
အမှန်တရား...
ခါးလိုက်ပုံကြီးက မထွေးနိုင်မအန်နိုင်..။
အိန္ဒြာ
အချစ်ပျောက်သူတစ်ယောက်ရဲ့အလွမ်း
ကောင်မလေးရေ
မှတ်မှတ်ရရပါပဲ
သူခိုးကြီးများသောင်းကြမ်းတဲ့ လပြည့်နေ့လေးပေါ့ ......
ကျောင်းသွားကျောင်းပြန်
နှစ်ယောက်အတူဖြတ်သန်းသွားလာတဲ့လမ်းမ......
ချစ်သူနှုတ်ခမ်းဖျားက ခုန်းဆင်းလာတဲ့
"နေရစ်ခဲ့တော့"ဆိုတဲ့ စကားလေးတစ်ခွန်း.....
တိတ်စိတ်အေးစက်သွားတဲ့ လောကကြီး.......
နားလည်းရခက်တဲ့ ချစ်သူမျက်ဝန်း.....
မျက်စိတစ်မှိတ်အတွင်း
ရပ်တန့်သွားတဲ့ ကိုယ့်ဘဝနာရီ....
ဘယ်လိုမေ့ရမှာလဲ့?
ကောင်မလေးရယ်။
အကြောင်းပြချက် မပေးပဲနဲ့
နောက်လှည့်ထွက်ခွါသွားတဲ့
ကောင်မလေးရေ ...................
နောင်တမသိ အမှတ်မရှိတဲ့ငါက
သတိရနေတုန်ပဲပေါ့။
လောကကြီးရယ်
ကျွန်တော်နှစ်လုံးသားကို
ယူဆောင်ထွက်ပြေးသွားတဲ့
ကောင်မလေးကြောင့် .........
တိတ်စိတ်အေးစက်ခြင်းတွေနဲ့ပဲ
ကျန်ရစ်ခဲ့တဲ ငါ့ကို........
ကျေးဇူးပြုပြီး
မျော်လင့်ချက်တွေ ပျော်ရွှင်ခြင်းတွေ အကြောင်း
မမေးပါနဲ့လားကွာ.........။
ကောင်မလေးရေ သတိရခြင်းများစွာဖြင့်
ဒီကဗျာကို ရေးဖွဲ့မိတယ်
သုည
Tuesday 19 March 2013
ရည်းစားစာ
စာရွက်ပေါ်မှာပဲ နင့်ကို ချစ်ရုံနဲ့တော့
ငါ့ဘ၀ မင်ကုန်တာပဲ အဖတ်တင်လိမ့်မယ်
မပျံသန်းနိုင်တဲ့ ငှက်လို့ပြောတိုင်း
ပင်ဂွင်းငှက်ကို ပြေးမြင်ရင်
နင့်ကိုငါ မခေါ်ချင်ဘူး
ကျောင်းအုပ်ကြီးဖတ်ဖို့ ရေးတဲ့စာ
မဟုတ်လို့
ကျောင်းသွားဖော်လေး ဖတ်စေချင်တာ
ငါ့စေတနာပါ။
နင့်နှလုံးသားကို နင်ဖုန်းခေါ်ပါ
ပြီးမှ ငါ့ကိုစာပြန်ပါ။
တာရာမင်းဝေ
ငါး
တစ်ဘဝလုံးလုံးလိုမျှားနေခဲ့
ငါးရယ်လို့တစ်ကောင်တစ်လေမှမမိ
ကြည်စမ်း၊မိမယ့်မိတော့
စကြာဝဠာကြီး အပေါ်ကိုဆွဲတင်လိုက်တော့
ငါ့ ငါးမျှားတံဟာ ကိုင်းညွှတ်ပြီး
သက်တံဖြစ်သွား
ငါ့ ကိုပြန်မျှားခဲ့ပေါ့ ။ ။
မောင်ချောနွယ်
မျက်ရည်နှစ်ပွင့်
သိပ်သတိရစွာစာရေးလိုက်ပါတယ်
ကိုယ်နေမကောင်းဘူး ၀မ်းနည်းမိတယ်
အနားမှာ မင်းရှိနေရင် သိပ်ကောင်းမှာ
ပြတင်းဝ က အပြင်ကိုငေးမိတော့
မြစ်ဟာ သက်ရှိလိုစီးဆင်းသွားတယ်
ငါတို့လည်း ကမ်းပါး နဲ့ မြစ် လို
နောက်ဆုတ်လို့မရတော့တဲ့အနေအထားဘ
ပြောင်းလဲ ဝေးကွာမူ့ ဝေဒနာနဲ့ ခရီးပြင်းနှင်ဆဲမဟုတ်လား။
သစ်ပင်တွေကြီးလာပြီး
တို့မျှော်လင့်ချက်တွေ သေးငယ်သွားစေတဲ့ အချိန်ကာလ
နေ၀င်ရိုးရီဟာ လွမ်းဖွယ်လှပခဲ့ပုံများ။
နှတ်ခမ်းနီတွေတအားမဆိုးပါနဲ့
ကိုယ်အကြောင်းတွေ တွေးပြီး မဆွေးပါနဲ့
ပတ်ဝန်းကျင်နဲ့ အဆင်မပြေရင်
ပန်းကလေးတွေနဲ့ နေထိုင်ပါ
သီချင်းတွေကြည့်ရင်းအပန်းဖြေပါ
ကိုယ်တို့ဘ၀ တစုံကြား
ရွာတဲ့ မိုးက သည်းခဲ့တယ်
ဝေတဲ့ နှင်းက မြဲခဲ့တယ်
ဒါကြောင့်ပဲ သိပ်သတိရမိတယ်
ဒါကြောင့်ပဲ ဒီစာရေးမိတယ်
ဒါကြောင့်ပဲဒီစာပို့မိတယ်
မင်းဖတ်ရမဲ့ နေ့ရက်ထဲ
ဒီစာရွက်ပေါ် မျက်ရည်နှစ်စက်ဆုံကြမယ်။
ဝိုင်ချို
Monday 18 March 2013
စုံးလုံးကန်းယုံကြည်ချက်
ရုတ်တရက် အရုပ်ကြိုးပြတ်
လဲပြိုသွားတဲ့ စိတ်တွေ
ကြမ်းပြင်ထက်မှာ . . .
မတည်မငြိမ်
သစ်ရွက်ခြာက်လို့ လေနှင်ရာလိုက်ပါ
ဦးတည်ချက်တွေ ပျောက်ဆုံးနေခဲ့
စုံလုံးကန်းယုံကြည်ချက်နဲ့
ကံတရားအတွက် တစ်ချပ်လောက်
ဆွဲလှန့်ကြည့်တယ် . . .
တာရော့ကဒ်လေးတစ်ချပ်က ငါတို့ အနာဂတ်ကို
ပြောင်းလည်းပစ်နိုင်လား
ငါ့လက်ဖ၀ါးပေါ်က ကြက်ခြေခတ်
ကျိန်စာကို ဘာနဲ့ ချေဖျက်ရမလည်း
ကိုယ့်နေနံမဟုတ်တဲ့ ထောင့်ကလေးမှာ
ရူးမိုက်စွာ ဆုတွေတောင်းခဲ့
ငါ့ဟာငါမဟုတ်တော့တဲ့နောက်
ငါ့ကိုယ်ပေါ်မှာ နင့်အရိပ်လေးတွေ လွမ်းခြုံခဲ့တော့
ငါ့အသက်ရှူသံတွေ ပြောင်းလည်းလာခဲ့
ဝိညာဉ်ခြွေတဲ့ဆောင်း ဆေးဝါးမဟုတ်တဲ့ နင့်အပြုံးတွေကို
ငါ့အသွေးအသားကတောင်းတ
နင်နဲ့ငါ အတူတူရှိပေမယ့် ငါတို့တွေက
ဝေးနေဆဲပါ ငါ့ဝိညာဉ်လေးရေ
ကျော်မိုးထွေး
Sunday 17 March 2013
ခေါင်းလောင်းသံ စာတမ်း
(၁)
ကြယ်တာရာတွေစူးစူးဝါးဝါးငုံ့ကြည့်နေတဲ့ကဝေည
မေမေ့ … ကိုကျွန်တော်သတိရလိုက်တာ …
ညဥ့်ငှက်တွေက ကမ္ဘာအပေါ်ယံမှာလူးလာပျံသန်း
လရောင်ကိုတောင်ပံနဲ့တဖျန်းဖျန်း ရိုက်ကြတယ် … ။
လောကအတုမှာ … လူသားအတုတစ်ယောက်
ကိုယ့်ပေါက်ချွန်းကိုယ်ထမ်းပြီး လမ်းလျှောက်နေတယ်
မေမေ …
ကျွန်တော့်အတွက်တော့မေမေ့ရင်ခွင်ဟာ
သောကကင်းဝေးတဲ့ ငြိမ်းချမ်းရေး “နယ်”ပါ
အခု … ဘယ်မှာလဲ
ဘယ်မှာလဲ … .. ။
မြူမှုန်မိုးနှင်းတွေကရွှေရောင်တ၀ င်းဝင်းတောက်
မေမေ့အုတ်ဂူကိုစောင့်ရှောက်ကြလိ မ့်မယ်
ကောင်းရာဘုံသို့သွား အားလုံးကိုမေ့ထားခဲ့ပါတော့
မေမေ … ။
ကြယ်တာရာတွေစူးစူးဝါးဝါးငုံ့ကြည
မေမေ့ … ကိုကျွန်တော်သတိရလိုက်တာ …
ညဥ့်ငှက်တွေက ကမ္ဘာအပေါ်ယံမှာလူးလာပျံသန်း
လရောင်ကိုတောင်ပံနဲ့တဖျန်းဖျန်း
လောကအတုမှာ … လူသားအတုတစ်ယောက်
ကိုယ့်ပေါက်ချွန်းကိုယ်ထမ်းပြီး
မေမေ …
ကျွန်တော့်အတွက်တော့မေမေ့ရင်ခွင
သောကကင်းဝေးတဲ့ ငြိမ်းချမ်းရေး “နယ်”ပါ
အခု … ဘယ်မှာလဲ
ဘယ်မှာလဲ … .. ။
မြူမှုန်မိုးနှင်းတွေကရွှေရောင်တဝ
မေမေ့အုတ်ဂူကိုစောင့်ရှောက်ကြလိ
ကောင်းရာဘုံသို့သွား အားလုံးကိုမေ့ထားခဲ့ပါတော့
မေမေ … ။
မိုး
ချစ်သူရေ
ဟောဒီ ကောင်းကင် တစ်ရိုးက
ရေခိုးရေငွေ့ အိုးကြီးကို
မိုးတိမ်လို့ ခေါ်ကြလေရဲ့။
ကိုရွှေမုတ်သုံလေက
သူခြေထောက်ကို သူဂရုမစိုက်
အိုးကြီးကို တည့်တည့် ၀င်တိုက်တယ်။
အိုကြီးလည်း ဗိုက်ပွင့် ကွဲကြေ
သေပါလေရော။
အိုးခြမ်းကွဲထဲကနေ
ရေစက်တွေ ရေစက်တွေ
ဝင်းဝင်းလက်လက်
လင်းတစက်စက် စီးဖြိုင် ညွှတ်ကျ။
ကျောက်ဆောင် ကျောက်မြေနဲ့
စောင့်နေတဲ့ ပင်လယ်အော်တွေလည်း
သွားရည်တမြမြ
ပါးစပ်ကြီးတွေ ပြဲလန်အောင် ဟလို့ပေါ့။
အို ချစ်သူရေ
ဟိုးအရှေ့မှာ မိုးတွေ ရွာပြီ။
လာ ရဲရဲလာ
ထီးရွက်တွေ မပါလည်း
လူဟာ ကိုယ့်ဖာသာ လျှောက်ရဲရမယ်ကွယ့်။
ငါတို့ရဲ့ မိုး
ဂျိုးဂျိုး ဂျိမ့်ဂျိမ့် လှပ
သူ
ရှိုက်ကြီးတငင် ရွာချပါစေလားကွယ်။
တာရာမင်းဝေ
ဟောဒီ ကောင်းကင် တစ်ရိုးက
ရေခိုးရေငွေ့ အိုးကြီးကို
မိုးတိမ်လို့ ခေါ်ကြလေရဲ့။
ကိုရွှေမုတ်သုံလေက
သူခြေထောက်ကို သူဂရုမစိုက်
အိုးကြီးကို တည့်တည့် ၀င်တိုက်တယ်။
အိုကြီးလည်း ဗိုက်ပွင့် ကွဲကြေ
သေပါလေရော။
အိုးခြမ်းကွဲထဲကနေ
ရေစက်တွေ ရေစက်တွေ
ဝင်းဝင်းလက်လက်
လင်းတစက်စက် စီးဖြိုင် ညွှတ်ကျ။
ကျောက်ဆောင် ကျောက်မြေနဲ့
စောင့်နေတဲ့ ပင်လယ်အော်တွေလည်း
သွားရည်တမြမြ
ပါးစပ်ကြီးတွေ ပြဲလန်အောင် ဟလို့ပေါ့။
အို ချစ်သူရေ
ဟိုးအရှေ့မှာ မိုးတွေ ရွာပြီ။
လာ ရဲရဲလာ
ထီးရွက်တွေ မပါလည်း
လူဟာ ကိုယ့်ဖာသာ လျှောက်ရဲရမယ်ကွယ့်။
ငါတို့ရဲ့ မိုး
ဂျိုးဂျိုး ဂျိမ့်ဂျိမ့် လှပ
သူ
ရှိုက်ကြီးတငင် ရွာချပါစေလားကွယ်။
တာရာမင်းဝေ
ဗီလိန်
အများကြိုက်တဲ့
ဇာတ်ဝင်ခန်းအရဆိုရင်တော့
ငါဟာ ဗီလိန်ပေါ့။
ဇာတ်သိမ်းခန်းရောက်ရင်
ဇာတ်လိုက်နိုင်
ဗီလိန်သေ
ပရိသတ် သဘောကျတာ
ဒါပဲလေ။
အများမသိတဲ့
တကယ်ဘဝမှာတော့
ဗီလိန်ဆိုတဲ့ငါဟာ
ရေနစ်နေသူ မိသားစုကို ဆယ်ယူဖို့ကြိုးစားရင်း
အထီးကျန်စွာနဲ့
ဓနိမိုးထရံကာ အိမ်ကလေးထဲမှာ
နစ်မြုပ်ကျန်ရစ်ခဲ့သူပါ။
မိုယ်းဇော်
ဇာတ်ဝင်ခန်းအရဆိုရင်တော့
ငါဟာ ဗီလိန်ပေါ့။
ဇာတ်သိမ်းခန်းရောက်ရင်
ဇာတ်လိုက်နိုင်
ဗီလိန်သေ
ပရိသတ် သဘောကျတာ
ဒါပဲလေ။
အများမသိတဲ့
တကယ်ဘဝမှာတော့
ဗီလိန်ဆိုတဲ့ငါဟာ
ရေနစ်နေသူ မိသားစုကို ဆယ်ယူဖို့ကြိုးစားရင်း
အထီးကျန်စွာနဲ့
ဓနိမိုးထရံကာ အိမ်ကလေးထဲမှာ
နစ်မြုပ်ကျန်ရစ်ခဲ့သူပါ။
မိုယ်းဇော်
အညတရတစ်ယောက်ရဲ့အချစ်
အချစ်နဲ့တွေ့ဆုံသူတိုင်း
ကဗျာဆရာတွေဖြစ်သွားတယ်လို့ ပြောကြတယ်.....။
စက်ရုပ်တောင် ဒူထောက်ကျစေနိုင်မဲ့
မျက်ဝန်းပြာလဲ့လဲ့ ကောင်မလေးရေ
ငါလည်း မင်းရဲ့အလှဖွဲ့ကို
ရေးစပ်သီကုံးနေတဲ့ များစွာသောထဲက
အညတရ ကဗျာဆရာလေး တစ်ယောက်ပေါ့......။
ကောင်မလေးရေ
မင်းပျော်ရွှင်မယ်ဆိုရင်
ငါ့လက်ကလေးကိုတွဲ
ပခုံးပေါ်ကို ခေါင်းကလေးမှေးစက်လို့
မင်းအတွက် ရေးစပ်တဲ့
ကဗျာလေးတွေ လိုက်ဖတ်နေပြီး
ငါပြောပြတဲ့ ချစ်စကားလေးတွေအကြောင်း
နားထောင်နေလို့ ရပါတယ်...........။
မနှစ်သက်လို့သွားမယ်ဆိုရင်
ထီးကလေးတစ်ချောင်း
ရေဘူးလေးတစ်ဘူး
ဖိနပ်လေးတစ်ရံ အဖြစ်
မင်းလျှောက်လှမ်းမဲ့ ဘဝခရီးအတွက်
ရှိနေချင်သေတယ် .....။
သုည
ကဗျာဆရာတွေဖြစ်သွားတယ်လို့ ပြောကြတယ်.....။
စက်ရုပ်တောင် ဒူထောက်ကျစေနိုင်မဲ့
မျက်ဝန်းပြာလဲ့လဲ့ ကောင်မလေးရေ
ငါလည်း မင်းရဲ့အလှဖွဲ့ကို
ရေးစပ်သီကုံးနေတဲ့ များစွာသောထဲက
အညတရ ကဗျာဆရာလေး တစ်ယောက်ပေါ့......။
ကောင်မလေးရေ
မင်းပျော်ရွှင်မယ်ဆိုရင်
ငါ့လက်ကလေးကိုတွဲ
ပခုံးပေါ်ကို ခေါင်းကလေးမှေးစက်လို့
မင်းအတွက် ရေးစပ်တဲ့
ကဗျာလေးတွေ လိုက်ဖတ်နေပြီး
ငါပြောပြတဲ့ ချစ်စကားလေးတွေအကြောင်း
နားထောင်နေလို့ ရပါတယ်...........။
မနှစ်သက်လို့သွားမယ်ဆိုရင်
ထီးကလေးတစ်ချောင်း
ရေဘူးလေးတစ်ဘူး
ဖိနပ်လေးတစ်ရံ အဖြစ်
မင်းလျှောက်လှမ်းမဲ့ ဘဝခရီးအတွက်
ရှိနေချင်သေတယ် .....။
သုည
အေးစက်စက်မီးလျှံ
မရွာဖြစ်သေးတဲ့ မိုးရေတွေ
လေးလံနေတဲ့ ငါ့ကောင်းကင်
တိမ်တိုက်တွေ အထပ်ထပ်။
ငါ့ရဲ့ အခွံသက်သက်မီးအိမ်မှာ
ထွန်းညှိမဲ့ ပန်းတစ်ပွင့်
မင်းမဖြစ်သေးလေသမျှ
အထီးကျန် ဆန်နေရဦးမယ်။
... ... ဆန်းကြယ်စွာ
(ဒါမှမဟုတ်)ရိုးစင်းစွာ
မင်း သိလာပါလိမ့်မယ်။
ငါ့ရင်ပြင်တစ်ခွင်လုံး
မငြှိမ်းရက်ခဲ့တဲ မီးတွေ
မြင်ရင်တောင် ငဲ့ညှာမနေပါနဲ့
လောင်ကျွမ်းခြင်း မင်းအတွက်မို့
ငြိမ်းအေးမှုလို့ ငါမှတ်ယူပါ့မယ်။
မင်းမျက်ဝန်းရဲ့ မြှားတစ်စင်း
ငါ့စိတ်ကို ညှို့ငင်
စကားလုံးတွေ
ငါ့နှုတ်ခမ်းများကို တံခါးခေါက်နေပြီ။
ရိုးဖြောင့်တဲ့ မြစ်တစ်စင်းပမာ
တည်ငြိမ်လွတ်လပ်စွာ
စီးဆင်းလာခဲ့သမျှ
ငါ မြိုသိပ်ခဲ့ရတာတွေ
မင်းကိုနွေးထွေးစေနိုင်ပါမလား.....။
ငါခံစားရသမျှ
မင်းခံစားနိုင်မယ်ဆိုရင်
ဒီလောက်ထိ ခြောက်သွေ့နေမယ် မထင်ဘူး
ငါ့ရဲ့ နက်ရှိုင်းမှုကို
မင်း နားမလည်နိုင်သေးလေတော့
မင်းရဲ့ မီးလျှံက အေးစက်စက်။ ။
တင်မင်းထက်
သော့ခတ်ထားတဲ့
သံမဏိတံခါးကို
လာခေါက်တယ်။
သွယ်လျတဲ့ လက်ချောင်းကလေးတွေရှိတဲ့
ပန်းနုရောင် လက်သည်းကလေးတွေရှိတဲ့
ရွှေဝါရောင် မွေးညင်းကလေးတွေရှိတဲ့
လက်ကလေးမှန်း
ဒီကလည်း သိလိုက်ပါရဲ့။
သွေးတွေကို ခဲသွားစေတဲ့
ဦးနှောက်တွေကို ဆူဝေလာစေတဲ့
ခြေဖျားလက်ဖျားတွေကို အအေးမိစေတဲ့
နှလုံးသားကို ချွေးစို့လာစေတဲ့သူဟာ
‘မင်း’ရယ် ‘အမုန်း’ရယ်
နှစ်ယောက်ပဲရှိတယ်။
ခု-
‘အမုန်း’ ဟာ ခရီးလွန်နေတယ်ဆိုတော့
တံခါးကို လာခေါက်တဲ့သူဟာ
မင်းပဲဖြစ်ရမယ်ဆိုတာ ဒီကလည်း သိလိုက်ပါရဲ့။
‘အချစ်လားဟေ့ ဝင်ခဲ့လေကွယ်’။ ။
မင်းလူ
လူ၏သမိုင်းအကျဉ်း
ရေတွေလို စုစည်းကြ
ရေတွေလို စီးဆင်းကြ။
အများသုံးတယ်လီဖုန်း
အများသုံးအိမ်သာ
အများသုံးစကားလုံး
အများသုံးပန်းခြံ။
တိမ်တွေလိုဆင်တူကြ
တိမ်တွေလိုသဏ္ဍာန်ကွဲကြ။
မုဆိုးက စိုက်ပျိုးသူ
စိုက်ပျိုးသူက ကျေးကျွန်
ကျေးကျွန်က အလုပ်သမား
လေးမြားတွေ၊ ထွန်သွားတွေ
ပိရမစ်တွေ၊ ချွေးစက်တွေ
စစ်ပွဲတွေ၊ ဝါဒတွေ။
မီးလျှံလိုကူးစက်ကြ
ပြီးတော့...
မီးလျှံလိုငြိမ်းသေကြ။ ။
(သစ္စာနီ)
လွမ်းလို့သေသွားတဲ့သစ်ပင်
ကိုယ့်ဘာသာကိုယ် မိုးလင်းရ
ကိုယ့်ဘာသာကိုယ် မိုးချုပ်ရနဲ့
အဲဒီ နေရောင်ခြည်ကိုက ရှုပ်တယ်။
မတောက်ပချင်ပါဘူးကွယ်
ပြန်ပြန်မှောင်ရတာနဲ့ မကာမိလို့။
ကြာ...လိုက်...တာ... ...
အလင်းတွေ အသက်ရှူနေလိုက်ပုံက
(ဒါနဲ့ပဲ...) သူမရဲ့ အပြုံးကို မြင်ရဖို့
နောက်ကျခဲ့ပြန်ရော...။
ငါ့ကျောပေါ် ထမ်းထားရတဲ့ အလွမ်းကတော့
မင်းရဲ့ အမည်နာမကို
တမ်းတမ်းတတ ရေရွတ်တယ်...။
ဖွတ်ထွက်တာတောင်မှ
တောင်ပို့မှန်း မသိခဲ့ပါဘူး
ဘ၀ကူး မကောင်းနိုင်တဲ့အထိတောင်...
အသိဥာဏ်တွေ မှောင်ခဲ့။
(အဲဒီကောင်ဟာ...အသေအချာမှောင်ခဲ
အချစ်တွေ မဲ့ပြီဆိုရင်
သွေးမခုန်ချင်တော့ပါဘူးလို့ ငြင်းတဲ့ကောင်)
နောက်သလို ပြောင်သလိုနဲ့
ငါ့ကို လာချစ်သွားတဲ့ ကောင်မလေးရေ...
“အနမ်းတွေ ဆေးထိုးမှားခဲ့တာပါ...” တဲ့
လွမ်းလို့သေသွားတဲ့သစ်ပင်က
အရွက်ကို ခြွေချပြီး ပြောတယ်...။
(မင်းခိုက်စိုးစံ)
တယ်လီဖုန်း
(ချစ်တယ်) လို့ ခဏခဏပြောဖို့ မနှမြောစမ်းပါနဲ့ ။
မျှော်လင့်ချက်တွေ သေဆုံးသွားတဲ့အခါ
ဘာအလွမ်းနဲ့မှ အာပတ်ဖြေလို့မရဘူး . . .။
ငါတို့ ဘာဖြစ်လို့ အငြင်းပွားနေကြရတာလဲ
(တစ်ယောက်ကိုတစ်ယောက်) နားမလည်တာလည်း မဟုတ်ဘဲနဲ့။
ငါတို့ ဘာဖြစ်လို့ တစ်ယောက်ကိုတစ်ယောက်
သံသယဖြစ်နေကြတာလဲ . . .။
(ယုံကြည်ပါ) လို့ ပြောစရာမလိုလောက်အောင်
ယုံကြည်ထားခဲ့ ရဲ့သားနဲ့ . .။
ငါတို့ ဘာဖြစ်လို့ တစ်ယောက်ကိုတစ်ယောက်
ဒေါသတွေဖြစ်နေကြတာလဲ . . .။
တို့နှစ်ယောက်ရဲ့ အချစ်ဟာ
ကျိုးလွယ်ပဲ့လွယ်လည်း မဟုတ်ဘဲနဲ့ကွယ်။
ငါတို့လုပ်နေကြပုံက
တစ်ယောက်ခြေလှမ်းကို တစ်ယောက်က
စောင့် ကြည့်အကဲခပ်နေကြပုံမျိုး . . .။
ဒါ စစ်တုရင်ထိုးနေတာလည်း မဟုတ်ဘဲနဲ့ကွယ်။
မင်း ငါ့ကို လွမ်းတဲ့အခါ ပွင့် ပွင့် လင်းလင်းပြောပါ
ငါလွမ်းတာကိုလည်း ပွင့် ပွင့် လင်းလင်းပြောမယ်။
(ချစ်တယ်) ဆိုတဲ့ စကားလုံးကိုမကြာခဏပြောဖို့ မနှမြောစမ်းပါနဲ့။
အချစ်ဆိုတာ တယ်လီဖုန်းတစ်လုံးလိုပါပဲ
မင်းက ဘာစကားမှ မပြောပဲ ဖုန်းကိုပိတ်ထားရင်
ဘာမှအသုံးမ၀င်တဲ့  ပစ္စည်းတစ်ခုကို ကိုင်ထားရတာနဲ့
ဘာထူးတော့မှာလဲ။
(မင်းခိုက်စိုးစံ)
အသည်စွဲကဗျာဆရာ(၅)
သူတို့အနုပညာက
ငွေတွေရပြီး
ငါတို့အနုပညာက
ငွေတွေ မရဘူး။
ဒါကြောင့်မို့ ငါဟာ ဒေဝဒတ်ဖြစ်ခဲ့ရ
ဒါကြောင့်မို့ ငါဟာ မာရ်နတ်ဖြစ်ခဲ့ရ
ဒါကြောင့်မို့ ငါဟာ ဦးကျောက်လုံးဖြစ်ခဲ့ရ
ဒါကြောင့်မို့ ငါဟာ အမေ့ အထင်လွဲ ခံခဲ့ရ။
ဆိုင်းဘုတ်တိုင်းက
အငြင်းပယ်ခံခဲ့ရ။
ဘုရားက အနုပညာကို
တားမြစ်တော်မူပါတယ်။
ငါ့မှာ
ဘုရား တားမြစ်တဲ့အရာကို
ငွေမရ ရွှေမရ
ချစ်ခဲ့ရ။
(အောင်ချိမ့်)
အမည်မဲ့
ဖြစ်ရပုံများ
အိပ်မက်ထဲမှာတောင် အဆင်မပြေ
အလကားရတဲ့ ဖိနပ်မတော်
ကောင်းကင်က ခေါင်းနဲ့မလွတ်။
ဖြစ်ရပုံများ
ကိုယ့်လဘက်ရည်ခွက် အရောက်မှာမှ
ရုတ်တရက်မလိုင်ကုန်သွားရ။
ဖြစ်ရပုံများ
ထီမပေါက်တဲ့အပြင်
ထီပေါက်စဉ်ကလည်း မှားသေး။
ဖြစ်ရပုံများ
လက်မှတ်ဝယ်ထားပြီးသားရထားက
တစ်စီးလုံး ပျောက်သွားတယ်တဲ့။
ဖြစ်ရပုံများ
တံတွေးကို မြိုချလိုက်တာ
ကမ္ဘာတစ်ခုလုံး ပါသွားတယ်တဲ့။
ကဲ ဘာလိုသေးလဲ
လက်ကပတ်ထားတဲ့ နာရီမှာ
ဓါတ်ခဲကုန်ဖို့ပဲ လိုတော့တယ်
သစ္စာနီ
သူငယ်ချင်း
တစ်ယောက်ပခုံး
တစ်ယောက်ဖက်လို့
ကျောင်းတော်ကြီးအရိပ်
ခိုနားဖူးတယ်.....။
တစ်ယောက်လက်ကို
တစ်ယောက်တွဲလို့
လောကကြီးအကြောင်း
သင်ယူခဲ့တယ်.....။
တစ်ယောက်ပြသနာကို
တစ်ယောက်ဝိုင်းဖြေရှင်းလို့
ဘဝအမောတွေကို
ဟားတိုက်ခဲ့တယ်.....။
တစ်ယောက်ရဲ့ခံစားချက်ကို
တစ်ယောက်က မျှဝေခံစားရင်း
အချစ်အကြောင်းတွေ
ပြောခဲ့ဖူးတယ်.....။
အခုတော့
မင်းရဲ့သတင်းက
အဝေးရောက် ငါ့ရင်ကို ငိုကြွေးစေတယ်.....။
ငြိမ်းချမ်းစွာ အိပ်စက်အနားယူတော့
သူငယ်ချင်း ..........။
သုည
တိုက်ဆိုင်မှုမရှိလျှင်
ကဗျာဆိုတာ
တစ်ခါတစ်ခါ ပန်းတစ်ပွင့်
ပွင့်ချိန်တန်မှ ပွင့်လိမ့်မယ်။
ကဗျာဆိုတာ
တစ်ခါတစ်ခါ သစ်သီးတစ်လုံး
ကြွေချိန်တန်ရင် ကြွေမှာပဲ။
ကဗျာဆိုတာ
တစ်ခါတစ်ခါ ချိန်ကိုက်ဗုံးတစ်လုံး
အချိန်စေ့ရင် ကွဲတတ်တယ်။
ကဗျာဆိုတာ
တစ်ခါတစ်ခါ ကြေးနန်းတစ်စောင်
ကျွန်တော့်နှလုံးသား သင်္ကေတတွေ
ခင်ဗျားထံ
အမြန်ပို့လိုက်တယ်။
မခံစားတတ်ရင်
ကျွန်တော့်ရင်ခုန်သံတွေ
ပြန်ပို့ ပေးလိုက်ပါ။ ။
မင်းလူ
Saturday 16 March 2013
မီးတောက်ရစ်သမ်
(၁)
အခုလို …
လှပအေးစက်နေတဲ့ညမှာပဲ
ငါ … ပျိုးထားတဲ့ မြနှင်းဆီဟာ …
ကြယ်တစ်ရာ ခြံရံပြီး ကြွေကျသွားခဲ့တယ်။
တိမ်လွှာမျဉ်းကောက်တွေကလည်း
ချစ်သူတစ်ယောက်ရဲ့ မီးအိပ်မက်မှာ
ရွှေမျက်ရည်တွေ စိုလက်လာပြီလို့
မှိုင်းညို့နေတဲ့ ကောင်းကင်ကြီးကို
တီးတိုးပြောကြားလိုက်တယ်။
“ချစ်ခြင်းမေတ္တာဟာ”… ဟာ
မှော်ဆရာတစ်ယောက်ရဲ့နိဂုံးလို
နောက်ဆုံးမှာ …
မီးခိုးလုံးများ ဖြစ်သွားရော့မလား…လို့
နှုတ်ခမ်းကိုက်ပြီး…ငါစဉ်းစားဖူးတယ်။
လူငယ်တစ်ယောက်ကို ပြုစားဖို့
ဘယ်နတ်ဘုရားထံမှာ
နင့်လက်တွေ ဖြန့်ကား တောင်းခံခဲ့သလဲ …
ငါ့ရာဇ၀င် ခပ်ကျဲကျဲကို
ငရဲမီးထဲ တွန်းချလိုက်ချင်တယ်။
သံယောဇဉ်…ဆိုတာ
အရောဝင်လို့မကောင်းတဲ့ ခွေးကလေးပါပဲ
အခုလို …
လှပအေးစက်နေတဲ့ညမှာပဲ
ငါ … ပျိုးထားတဲ့ မြနှင်းဆီဟာ …
ကြယ်တစ်ရာ ခြံရံပြီး ကြွေကျသွားခဲ့တယ်။
တိမ်လွှာမျဉ်းကောက်တွေကလည်း
ချစ်သူတစ်ယောက်ရဲ့ မီးအိပ်မက်မှာ
ရွှေမျက်ရည်တွေ စိုလက်လာပြီလို့
မှိုင်းညို့နေတဲ့ ကောင်းကင်ကြီးကို
တီးတိုးပြောကြားလိုက်တယ်။
“ချစ်ခြင်းမေတ္တာဟာ”… ဟာ
မှော်ဆရာတစ်ယောက်ရဲ့နိဂုံးလို
နောက်ဆုံးမှာ …
မီးခိုးလုံးများ ဖြစ်သွားရော့မလား…လို့
နှုတ်ခမ်းကိုက်ပြီး…ငါစဉ်းစားဖူးတယ်။
လူငယ်တစ်ယောက်ကို ပြုစားဖို့
ဘယ်နတ်ဘုရားထံမှာ
နင့်လက်တွေ ဖြန့်ကား တောင်းခံခဲ့သလဲ …
ငါ့ရာဇ၀င် ခပ်ကျဲကျဲကို
ငရဲမီးထဲ တွန်းချလိုက်ချင်တယ်။
သံယောဇဉ်…ဆိုတာ
အရောဝင်လို့မကောင်းတဲ့ ခွေးကလေးပါပဲ
စုန်းမ
ဆယ့်နှစ်ကြိုး ကဝေအတတ်နဲ့ …
(ငါ့ရင်ထဲက) မီးခတ်တဲ့ စကားလုံးတွေကို သတ်ငြိမ်း
အိပ်မက်သိမ်းတမ်း ပြုစားတတ်တဲ့ “ရွာသူ” ရေ …။
ရင်ခုန်သံတွေကိုပဲ ခေါစာ ပစ်လိုက်တယ် …
သခင်မ … ပျော်ပါ … ပါးပါ၊
စားပါ… သောက်ပါ၊
မရိုမသေ တမ်းတမိတဲ့
ဟောဒီက အမိုက်အမဲကိုလည်း
အပြစ်က လွှတ်တော်မှုပါ။
မီးစတစ်ဖက် ရေမှုတ်တစ်ဖက်နဲ့
အကြည့်လက်လက်တွေကိုလည်း
ပေးသနားတော်မှုပါ။
“တရားဝင် စစ်ကြေညာပြီး မတွယ်တာရရင်
ဘာကိုမှ မလုပ်ချင်ဘူး” ဆိုတဲ့
ဟောဒီက ငပျင်းအတွက်
လက်ကြောတင်းအောင် လွမ်းခွင့် ပြုတော်မှုပါ …။
(မင်းခိုက်စိုးစန်
သတိရကြောင်း
မှော်ဆရာရေ
စက်ရုပ်တစ်ရုပ်ရဲ့ ရင်ဘတ်မှာ
ဝိညာဉ်ကို ကော်နဲ့ကပ်ပြီး
လူဖြစ်အောင် ငါ အသက်သွင်းဖူးတယ်။
မီးခြစ်ကျောက်ကို
လက်သည်းနဲ့ ပွင့်ထွက်အောင်တောက်
မီးတောက်ကို ခါးကလိမ်ချိုး
စီးကရက်သောက်ရင်း ချောင်းလည်း ဆိုးဖူးတယ်
သူ့ခြေထောက်အတွက်
သူ့ဖိနပ်အတွက်
မြေပြင်သက်သက်ခင်းပေးစရာမလို
ကြယ်ကို ကြယ်နဲ့ ရံမတဲ့
သံအိပ်မက်ကြီးနဲ့
ပင်လယ်ရေပွက်ထဲကည
အားလုံးကို သူအပိုင်ရတယ် ..
ပထမတော့
လ ကိုခိုစီး
ကောင်းကင်ကြီးနဲ့တွဲက
စက္ကူ ဂစ်တာတစ်လက်ပိုက်ပြီး
ပျော်လိုက်ရတာ။
နောက်မှ
စကြဝဠာရဲ့
မဟာတွင်းနက်ထဲကို
လက်ကနဲခုန်ချ
သူ ဘယ်ဆီကျသွားသလဲ ။
ကဲ .. မှော်ဆရာ
အပိုင်းပိုင်း အထစ်ထစ်
သက္ကရာဇ်တို့ မပြိုခင်မှာ
သုညတစ်လုံးတည်းရှိတဲ့
သူ့ရဲ့ ဖုန်းနံပါတ်ဆီ ဆက်ပေးပါ
ဘာပဲဖြစ်ဖြစ်
ပဆစ်အိမ် ဝင်္ကဘာပျက်
နက္ခတ်ပျံရာည
ငါ သူ့ကို သတိရကြောင်း
ပြောပြပေးပါ ။ ။
တာရာမင်းဝေ
ငါး
ငါးတွေဟာ သွေးအေးတယ်
နှုတ်စိတ်တယ်။
တိုးတိတ်လွန်းတော့လည်း အဲဒီ ရင်ခုန်းသံကို
မင်း ကြားရလိမ့်မယ် မဟုတ်ပေဘူး။
ကြယ်တွေကို ခူးခူးပြီး
မင်းကို ပန်ပေးချင်ချင်ခဲ့တာပါ .........
ဒါပေမေ့ ..........
အိမ်မက်တွေက ဖိတ်တစ်ဝက် စင်တစ်ဝက်
နွေဦးရက်တွေ ရောက်တဲ့အထိတောင်
မက်ခွင့်မရလိုက်ပါဘူး။
ဆူးတွေများလွန်းတဲ့ ဥယျာဉ်က
ရနံ့ကျတော့ နည်းလွန်းနေခဲ့တယ်။
တစ်နေ့ခင်းလုံး
ကိုယ့်လက်ဖဝါးပေါ်မေးထောက်ပြီး
သစ်သားမီးခြစ်ဆံတွေနဲ့ အိမ်ဆောက်ကြည့်နေခဲ့တယ် .......
ငါ ဘာကို စားသောက်ခဲ့ပြီးပြီလဲ???
တစ်ဘဝစာ .........
ခပ်ကြာကြာ ကြည့်ခွင့်ရခဲ့လိုက်ရုံလေးတင်ပါပဲ။
(သည်ပြင် ဘာမှမပိုခဲ့ဘူး)
ကောင်မလေးရေ .......
ငါဆိုတဲ့ကောင်က သွေးအေး
ယဉ်ယဉ်ကျေးကျေးလေးပဲ
....... လွမ်းတယ်။
မင်းခိုက်စိုးစံ
ဥယျာဉ်
နဂါးတွေကသာ
တကယ်တမ်းကပြမယ်ဆိုရင်တော့
ကိုယ်ကြည့်ချင်စိတ်ရှိပါတယ်။
ဒါပေမေ့
မျက်နှာအရေပြားတွန့်တွန့်ကြီးနဲ့လူတွေက
နဂါးနှဲမှုတ်ပြီးလူးလွန့်ပြရင်တော့
သူတို့အစား
ကိုယ်က ပင်ပန်းပျင်းရိနေတတ်တယ်။
အဲဒီလိုပါပဲ ကောင်မလေးရယ်
မိုးတွေကတိတ်တာတောင် ကိုယ်ကရွာတုန်း။
သစ်ရွက်ကိုကိုယ်ပြန်စိုက်ဖို့ကြိုးစားဆဲမှာ
သစ်ပင်က ကြွေကျလာခဲ့
ကိုယ်လို ပေကပ်ကပ်ကောင်ကတော့
ကျောက်တုန်းတွေကိုလည်း ငုံ့ကြည့်ခင်မင်နေခဲ့။
ကောင်မလေးရေ
တကယ်ဆို ကိုယ်ဟာဥယျာဉ်တစ်ခုပါပဲ
မြေပြင်မှာဘာမှမပွင့်သေးတာက လွဲရင်ပေါ့ကွယ်။
တာရာမင်းဝေ
Thursday 14 March 2013
သက်ပြင်းလောင်သံ
တာရာမင်းဝေ
ငါ.....ကြွေကွဲနေပြီ
ရင်ဘက်မှာလည်း ဝိညဉ်ကျောက်သားတွေအက်ကွဲလို့.....
ငါ.....ဘယ်လိုလုပ်ရမလဲ
ပိတ်ထားတဲ့ ပန်းပွင့်ကိုကော
ဘယ်လိုအလင်းနဲ့နမ်းမလဲ
အငွေ့ပြယ်ပြီး ပျောက်သွားရင်လည်းပြီးရော.....
တကယ်ဆို
ကောင်းကင်တိုက်ပွဲအသစ်တွေနဲ့သာနေ/သေချင်တော့တယ်......။
တေလေကလေး
မီးပွိုင့်တွေက
အနီလှိုင်းတွေနဲ့
လွှင့်ထုတ်ပစ်ခတ်ကြတယ်။
လူမိုက်လိုလို
စောင်းနေတဲ့ ဓာတ်တိုင်အိုကြီးက
ကျွန်တော်ကို ဝင်တိုက်ပြန်ရဲ့
ထင်းရူးပင်ကြီးက
ရှည်လျားချွန်မြတဲ့ သစ်ရွက်တွေ ကွေကုပ်
ကျွန်တော်ကို လေနဲ့ လိုက်မှုတ်တယ်။
ကျွန်တော်
ကိုယ်နဲ့မတော်တဲ့ ဖိနပ်ကိုစီးပြီး
လမ်းအကြီးကြီးမှာ လျှောက်မိနေချိန်ပေါ့။
တိုက်တာတွေ ဖောင်းကားပျော့အိ
ဓာတ်ပေါင်းဖိုတွေလည်း
မီးခိုးငွေ့တွေပိပြီး ကွေညွတ်ခွေယိုင်ကျ
မြေကြီးထဲက
မိုးခြိမ်းသံ တရှဲရှဲကြားရတယ်။
တကယ်.ကိုကြောက်စရာပါအမေ
အဲဒီညက
အိမ်မက် နည်းနည်း ရှည်သွားတယ်။
တာရာမင်းဝေ
ကျွန်တော်နှင့်သနှပ်ခါးပွင့်ကလေး
စစ်မက်ပြိုင်မိုး
ကြယ်ကလေးတွေ စီးချင်းမထိုးကြပါနဲ့။
မိုးချုပ်အိမ်ပြန်
လမင်းကိုပန်တဲ့ မိန်းကလေး
ငြိမ်းချမ်းရေးနဲ့ အိပ်စက်နေလို့ပါကွယ်.....။
တာရာမင်းဝေ
ကောင်မလေးရဲ့မိုးလေဝသ
တိတ်တခိုး
ငါ့ ရင်ထဲကို
ငါမသိလိုက်ခင်
ဝင်ရောက်လာတယ်.......။
ငါ့ရင်ခွင်ကို သိမ်းပိုက်
ငါ့နလုံးသားကို
ကွပ်မျက်ခဲ့တယ်.......။
တကယ်တော့
တစ်ဖက်သတ်အချစ်ဆိုတာ
မတိုက်ခင်တည်းက
ရှုံးနေတဲ့ စစ်ပွဲဆိုတာ
ငါသိခဲ့ပြီ.........။
သုည
ငါမသိလိုက်ခင်
ဝင်ရောက်လာတယ်.......။
ငါ့ရင်ခွင်ကို သိမ်းပိုက်
ငါ့နလုံးသားကို
ကွပ်မျက်ခဲ့တယ်.......။
တကယ်တော့
တစ်ဖက်သတ်အချစ်ဆိုတာ
မတိုက်ခင်တည်းက
ရှုံးနေတဲ့ စစ်ပွဲဆိုတာ
ငါသိခဲ့ပြီ.........။
သုည
အလွမ်းရဲ့အပိုင်းအစများ
အချစ်ရိပ် အလွမ်းရိပ်ပါတဲ့
ကဗျာကိုဖတ်ရတိုင်း
မင်းကိုသတိရမိတယ်.......။
အချစ်သံ အလွမ်းသံပါတဲ့
သီချင်းကိုနားထောင်ရတိုင်း
မင်းကိုလွမ်းမိတယ်.......။
ကောင်မလေးရေ
မင်းကြောင့် .....
ကာရန်နဲ့သံစဉ်ကို
ငါ နှစ်သက်တက်ခဲ့ပြီ ....... ။
သုည
ကဗျာကိုဖတ်ရတိုင်း
မင်းကိုသတိရမိတယ်.......။
အချစ်သံ အလွမ်းသံပါတဲ့
သီချင်းကိုနားထောင်ရတိုင်း
မင်းကိုလွမ်းမိတယ်.......။
ကောင်မလေးရေ
မင်းကြောင့် .....
ကာရန်နဲ့သံစဉ်ကို
ငါ နှစ်သက်တက်ခဲ့ပြီ ....... ။
သုည
Subscribe to:
Posts (Atom)